Student Accommodation Options In Bangkok
Published: December 1, 2025
ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် Accommodation ဘယ်နှမျိုးရှိလဲဆိုတာ သိပြီးပြီလား?
မြန်မာနိုင်ငံမှာတော့ အမေ့အိမ်မှာ ကပ်နေခဲ့ပေမယ့် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်ပြီဆိုတာနဲ့ နေဖို့ထိုင်ဖို့ ပထမဆုံးရှာဖွေရမှာဖြစ်ပါတယ်။ ဒီလိုပဲ ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေအတွက် ထိုင်းနိုင်ငံရဲ့ Accommodation အမျိုးအစားတွေကို ရှင်းပြပေးပါမယ်။
1. ကျောင်းအဆောင် (School Dorm)
Public University တော်တော်များများကတော့ ကျောင်းတိုင်းနီးပါး Dorm ရှိပေမယ့် Private University တွေမှာတော့ ကျောင်းတိုင်းနီးပါး Dorm မရှိတက်ကြပါဘူး ရှိရင်လဲ အပြင်စျေးထက် ၂ဆလောက်ကြီးတက်ပါတယ်။ အရမ်းသန့်ပြီး ကျယ်တဲ့ အခန်းတွေကိုတော့ School Dorm တွေမှာ မရရှိတက်ပါဘူး ကံအလွန်ကောင်းရင်တော့ သရဲခြောက်တဲ့ အခန်းကိုပါ ရနိုင်တာမလို့ School Dorm နေမယ်ဆိုရင်တော့ သေချာလေး စုံစမ်းဖို့လိုပါတယ်။ Public University Dorm စျေးကတော့ 2,500 THB ကနေ 4,000 THB ရှိပြီး Private University ဆိုရင် 3,000 THB ကနေ 6,000 THB ထိ ရှိနိုင်တာဖြစ်နိုင်ပါတယ်။
Condo တွေကတော့ Swimming Pool, Gym စတဲ့ Facilities တွေပါဝင်တဲ့အပြင် အခန်းကျယ်ပြီး သန့်ပါတယ်။ စျေးကတော့ 7,000 THB ကနေ 20,000 THB အထိ အစားစားရှိတက်ပါတယ်။ အဆင့်မြင့်မြင့်နဲ့ အေးအေးဆေးဆေးနေတက်တဲ့ ကျောင်းသား၊သူတွေအနေနဲ့ Condo ကို ရွေးချယ်တာက ပိုမိုအဆင်ပြေနိုင်ပါတယ်။
Apartment ကတော့ ကိုယ်နေတဲ့ Location နဲ့ Environment ပေါ်မူတည်ပါတယ်။ ပတ်ဝန်းကျင်သန့်ပြီး အေးဆေးဖြစ်တဲ့ Apartment ရှိသလို ညစ်ပတ်ပြီး ဆူညံတဲ့ Apartment တွေလဲရှိတာဖြစ်လို့ Apartment ငှားမယ်ဆိုရင်တော့ School Dorm ထပ် သတိထားပြီး လေ့လာစစ်ဆေးသင့်ပါတယ်။ အခန်းစျေးတွေကတော့ အနည်းဆုံး 2,500 THB ကနေ အများဆုံး 4,000 THB ထိ ရှိတက်ပါတယ်။
သူငယ်ချင်းတွေ အုပ်စုလိုက် ကျောင်းလာတက်တာပဲဖြစ်ဖြစ်၊ ကျောင်းမှာ သူငယ်ချင်းရလို့ စုနေချင်တာပဲဖြစ်ဖြစ် သက်သောင့်သက်သာအရှိဆုံးက Townhouse ပဲဖြစ်ပါတယ်။ ကိုယ့်အိမ်ကိုယ်ယာလိုနေနိုင်တာဖြစ်ပြီး Facilities ဆိုတာကလဲ အိမ်တစ်အိမ်မှာ ရှိသင့်တဲ့အရာတွေကို ထည့်ပေးထားတက်ပါတယ်။ Townhouse ရဲ့ စျေးကတော့ အနည်းဆုံး 20,000 THB ကနေ အများဆုံး 40,000 THB အထိ ရှိတာဖြစ်လို့ သူငယ်ချင်းတွေစုနေတာက အကောင်းဆုံးဖြစ်မှာပါ ဒါမှ သရဲခြောက်ရင် အော်ဖို့ အဖော်ရှိမှာပေါ့
ဘယ်လိုအခန်းတွေကိုပဲ ငှားရမ်းပါစေ ထိုင်းမှာ အခန်းငှားတော့မယ်ဆိုရင် ဂျောင်ကြို ဂျောင်ကြားမကျန် ဓာတ်ပုံရိုက်နိုင်မှာ အခန်းပြန်အပ်ရင် Deposit ရမှာဖြစ်ကြောင်းကိုလဲ 𝐍𝐚𝐲𝐘𝐚𝐫 က သတိပေးလိုက်ရပါတယ်ရှင်။
“အိမ်နဲ့ တူသော အိမ် သို့ 𝐍𝐚𝐲𝐘𝐚𝐫”
| No |
Type |
Min Budget |
Max Budget |
| 1. |
School Dorm |
3,000 THB |
4,000 THB |
| 2. |
Condo |
7,000 THB |
20,000 THB |
| 3. |
Apartment |
2,500 THB |
4,000 THB |
| 4. |
Townhouse |
20,000 THB |
40,000 THB |